Here are a few of the nice things people have had to say about us.A sample of happy customer testimonals for our gardens.it's our customers who make the job enjoyable.
Zaw Yair
Linux Essential အတန်းကိုတက်မှ Linux ကို အတော်လေးနားလည်သွားပါတယ်။ အရင်က Linux ဆို အရမ်းကြောက်တာ ခုတော့အေးဆေးဖြစ်သွားပြီ System ပိုင်းတွေကိုလဲရှင်းပြပါတယ်။ အဲ့တာသင်လိုက်တာ တန်ပါတယ် Unix ပါရသွားပါတယ်။ Command line တွေက တူတူပါပဲ Directory လေးပဲမတူတာပါ။ Linux နဲ့ ခုသင်တန်းမပြီးသေးတာတောင် အတော်နားလည်နေပါပြီ။ သင်တန်းပြီးရင် Web Security တန်းကို တက်အုံးမှာပါ။ နားမလည်ရင်လဲ စောစောလာပြီး ဆရာကိုပြန်ရှင်းပြခိုင်းလို့ရပါတယ်။ ဆရာက စိတ်ရှည်ပါတယ်။ ကျွန်တော်ဆိုမသိရင် ဆယ်ခေါက်လောက်မေးပါတယ်။ သင်တန်းအချိန် ၂ နာရီပဲသင်တာက လွဲလို့ အကုန်ကောင်းပါတယ်။ Family type ဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ သင်ရတာ အရမ်းကောင်းပါတယ်။ Ko Myo Htun Aung, Thanks ပါ။
Gam Awng Lashi
ကျွန်တော်က Creatigon က Linux Essential ကျောင်းသားပါ။ အတန်းတောင် ဘာလိုလိုနဲ့ ပြီးသွားပြီပဲ။ ဆရာ ကိုမျိုး ကျေးဇူးပါ။ သူ့ဟာနဲ့သူ ဘယ် distro က ဘယ်အတွက် ဆိုတာတွေပေါ့။ ကျွန်တော်တို့အတွက်လည်း အဆင်ပြေတာပေါ့ ဘယ်လမ်းကြောင်းလိုက်မယ်ဆိုရင် ဘယ် destro ရွေးဆိုတာတွေပေါ့။ Commands တွေကိုလည်း စိတ်ဝင်စားစရာကောင်းအောင် မငြီးမငွေ့ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးတဲ့ အတွက်လည်း ကျေးဇူး။ Linux တစ်ခုတည်းသာမက အပြင် ဗဟုသုတ အတွက်လည်း ကျေးဇူးပါ။ Pathway အကြောင်းလည်း ကောင်းကောင်းပြောပေးတဲ့ အတွက်လည်း ကျေးဇူး။ ပြောနေရင် ပြီးတော့မှာ မဟုတ်လို့ Th@nk 4 Lot.Creatigon လည်း ဒီထက်မက အောင်မြင်ပါစေ။ အခြား အတန်းအသစ်တွေလည်း ထပ်မံဖွင့်နိုင်ပါစေ။ ကိုမျိုး လည်း Forensic လေ့လာဖို့ ရှိတယ်ဆိုတော့ ထူးထူးချွန်ချွန် လေ့လာပြီးစီးနိုင်ပါစေ။ Forensic ပြီးရင်လည်း အားလုံးကို share ပေးနိုင်ပါစေ။ ဆိုလိုတာက Forensic အတန်းလည်း ဖွင့်နိုင်ပါစေ။ ကျေးဇူးပါ......။
Hein Htet Aung
အတော်ကောင်းတဲ့ သင်တန်းတစ်ခုပါ။ Basic ခိုင်မာအောင် သင်ပေးနိုင်ပြီး နောက်တစ်ဆင့် ကိုယ်သွားချင်သော လမ်းအတွက် အသိပညာ ဗဟုသုတပေး လမ်းညွန်ပြသပေးနိုင်တဲ့ သင်တန်းလေးပါ ခုလို လမ်းညွန်ပြသပေးခဲ့တဲ့ အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
Wyne Chit Paing
ကျွန်တော် ဒီသင်တန်းမတက်ခင်က Linux နဲ့ ပတ်သင့်ပြီး ဘာမှမသိတဲ့ သူတစ်ယောက်ပါ။Linux ကိုစိတ်ဝင်စားလို့ facebook ကနေသိပြီး ဒီသင်တန်းကို တက်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းတက်ပြီး Linux ရဲ့ history ကစ distro တွေပါသိရှိခဲ့ရပါတယ်။ဆရာကလည်း မသိတာဆို မေးသာမေး အကုန်သေချာရှင်းပြတယ်။ ဒီသင်တန်းက အရမ်းကောင်ပါတယ်။ ကျွန်တော်ဆိုရင် ဒီသင်တန်းတက်ပြီးကတည်းက GUI တောင်သိပ်မသုံးချင်တော့ပဲ စာရိုက်ရမှာ ပျင်းတဲ့ ကျွန်တော်က CLI ပဲသုံးချင်တော့တယ်။ပြီးတော့ အရမ်းအရမ်းလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ တခုသိရတာနဲ့အမျှ enter ခေါက်လို့အောင်မြင်တဲ့ အချိန်တိုင်း ပျော်ရတယ်။ဆရာကလည်း အရမ်းသဘောကောင်းပါတယ်။ သင်တန်းပြီးတော့ ဘယ်လမ်းတွေဘယ်လိုင်းတွေရှိတယ် ဘယ်လမ်းကတော့ ဘယ်လိုကောင်းတယ်ဆိုတာ လမ်းညွန် ပြသပေးတယ်။ အရမ်းအရမ်းကောင်ပါတယ်။ Creatigon အောင်မြင်တိုးတက်ပါစေသား တပည့်မှ ဆုတောင်းပေးပါတယ်။ မေ့လို့ တစ်ခုပြောရဦးမယ်.... ဆရာက စာမေးတယ် သိလား။ စာမေးပွဲ ဖြေရင်းခေါင်းတွေပူထူရတဲ့ အခိုက်အတန့်တော့ ရှိကောင်းရှိနိုင်တယ်။ အရမ်းကောင်းတဲ့ သင်တန်းလေးပါ။ ကျွန်တော် Linux ကို မသိခင်က Microsoft ကို ရူးခဲ့ဖူးတယ် ခု Linux ရဲ့ အခြေခံကိုသိတော့ ကျွန်တော့ရဲ့ ရူးသွပ်မှုက Linux မှာရောက်ခဲ့ပြီ။Creatigon လည်း ဒီ့ထက်မက တိုးတက်ပါစေ။ ဆရာနဲ့ တကွ Creatigon က အစ်ကိုများလည်း အောင်မြင်ကြပါစေ တပည့် ဆုတောင်းပေးပါတယ်။
Zin Ko Thein
"Each module of the course was very well thought-out and designed to gain knowledge in a very effective way. "Myo Htun Aung was a very helpful and patient lecturer. He provided a lot of instructive, enlightening advice and information about IT-Security. His positive feedback never failed to encourage me and boost my confidence. When starting the Linux Essential class, I was a neophyte with nothing but a love of hacking. Now i am enriched with valuable knowledge and much more confidence to support that passion."
Hein Htet
ကျွန်တော်က Creatigon အဖွဲ့ကဖွင့်တဲ့ Linux Essential Training သင်တန်းသားတစ်ယောက်ပါ။ ကျွန်တော် Hacker တော့မဟုတ်ပါဘူး ဒါပေမယ့် Hacking ကို အရမ်းစိတ်ဝင်စားသူ တစ်ယောက်ပါ။ ဒီသင်တန်းလေးက Linux ရဲ့ အဓိကဖြစ်တဲ့ installing နဲ့ command တွေကို သေသေချာချာ သင်ကြားပေးပါတယ်။ ဒီသင်တန်းမှာ ဆရာကတော့ ဆရာမျိုးထွန်းအောင် ပါ။ သူက ဒီသင်တန်းရဲ့ အကောင်းဆုံးအချက်လို့ ပြောလို့ရပါတယ်။ ဆရာက ကျွန်တော်လို လူပိန်းကိုတောင် နားလည်လွယ်အောင် စိတ်ဝင်စားအောင် သင်ကြားပေးတယ်။ ဆရာကြောင့် ကျွန်တော်အခု Linux ဆိုတာကြီးကို ကလိခွင့်ရခဲ့ပြီ။ ဆရာကို မသိတာမေးရင် စိတ်ရှည်ရှည်နဲ့ ဖြေပေးတယ်။ ရည်မှန်းချက် ရှိသူတိုင်း ရှိသင့်တဲ့ အရည်အချင်းတွေကို ပြောပြပေးတယ်။ ဆရာရဲ့ hard disk ကလဲ သင်တန်းသားတွေအတွက် အကောင်းဆုံး အရာတခုဆိုတာ ကျတော်အာမခံတယ်။ နောက်တစ်ခုက ဆရာက ကြက်ဥကြော် ကြိုက်တယ်ထင်တယ်။ ဒီသင်တန်းကတော့ လူတိုင်း တက်သင့်တယ်လို့ထင်တယ်။ Linux က Windows ထက်အားသာချက်ရှိတယ်။ ကွန်ပျူတာ ကိုင်တဲ့ လူတိုင်းတက်သင့်ပါတယ်။ Creatigon အဖွဲ့လဲ ဒီထက်အောင်မြင်ပြီး သင်တန်းတွေ ဆက်ဖွင့်နိုင်ပါစေ။ ဖွင့်ခဲ့ရင်လည်း ကျတော့ကို tag တွဲစေချင်ပါတယ်။ ဆရာနဲ့ သင်တန်းက အစ်ကိုတို့လည်း ဒီထက်မက ဗဟုသုတပိုကြွယ်ပြီး နောင်လူငယ်တို့ကို သင်ကြားပေးနိုင်ပါစေဗျာ။ ကျတော်လည်း စာသိပ်မစီတတ်တော့ ဒီလောက်ပါပဲဗျာ။
May Thi Bo
I've always wanted to know more about Linux as I have to use it at work. I was surprised by some great feaures of Linux used by my seniors. I found course outline on faceboob and I was interested. For me, This course is the first short step towards long self-learning of Linux. Ko Myo Aung is very patient by guiding us simple pathways through discussion. I've become familiar with commands and distros. For starters or ccareer changers, this course would be defintely helpful:)
Myat Thu
Creatigon ရဲ့ Linux Essential သင်တန်းကို တက်ဖြစ်ပါတယ်။ Linux ဆိုတာ အရမ်းအခက်ကြီးမဟုတ်ဆိုတာ သိလိုက်ပါတယ်။ ဒါပေမယ့် အရမ်းလဲ မလွယ်ပါဘူး။ အရင်က Linux ဆို ဘာမှန်းမသိဘဲနဲ့ကို ကြောက်တာ၊ အခုတော့ အေးဆေးဖြစ်သွားတယ်။ ဆက်လေ့လာဖို့ပဲလိုပါတယ်။ System ပိုင်းတွေ Distro ပိုင်းတွေကို သေချာရှင်းပြပေးပါတယ်။ Commend line တွေက Windows နဲ့တူတာတွေလဲပါပါတယ်။ A+ ပိုင်းကို သေချာကြေညက်ထားတဲ့သူတွေ တက်ရင်ပိုပြီး လိုက်နိုင်ပါလိမ့်မယ်။ Security ပိုင်းမှာက Windows ထက်ပိုကောင်းပါတယ်။ lecture ရော pratical တွဲပြီးသင်တဲ့အတွက် ကောင်းပါတယ်။ Advanced Linux အတန်း ထပ်ဖွင့်ပေးနိုင်ရင် ပိုကောင်းပါတယ်။
Yan Aung Hein
ကျွန်တော်က tourism(NMDC) ကျောင်းသားတစ်ယောက်ပါ။ Linux နဲ့ဘာဆိုင်လဲ ဆိုရင် ဆိုင်တော့ဆိုင်ကောင်းရဲ့။ ဒါပေမယ့် လူ ၁၀ဝ မှာ ၉၉ ယောက်ကတော့ ဘာမှမဆိုင်ဘူးပြောမှာပဲ။ ဟုတ်ပါတယ်။ ကျွန်တော်လည်း ဘာမှမဆိုင်ဘူးလို့ပဲ တွေးတာပါ။ အာ့ဆို Creatigon မှာဘာလို့ Linux ကို သွားတက်တာလဲလို့မေးရင် စိတ်ဝင်စားလို့ကို တက်တာပါ။ ရှင်းရှင်းပဲ့။ (ငိငိ) အစက Linux ဆိုတာ နာမည်ဘဲကြားဖူးတာပါ သူ့အကြောင်းနည်းနည်းပါးပါးတော့ ကြားဖူးနားဝ ရှိတယ်ပေါ့လေ စစတက်ခြင်းကဆို ဆရာပြောတဲ့ အသုံးအနှုန်းဒေ တစ်ခုမှမသိ plain ရီး စိတ်တောင်ညစ်သွားတယ် (အစထဲကလည်းဘာမှ မသိတာ) ဒါပေမယ့်တက်ရင်းနဲ့ သွသူရင်းနှီးလာပြီး တက်ရတာပျော်လာတယ်။ ကိုမျိုးကလဲ သေချာသင်ပေတယ်။ hacking သဘောတရားတွေလည်း ကြုံရင်ကြုံသလိုလေး ပြောပြတယ်။ knowledge လည်းပေးတယ်။ ဆရာ ဆိုပြီတော့ ရုပ်တည်ကြီးနဲ့လည်းမဟုတ်ဘူး ပျော်ဖို့ကောင်းသလို ထိလည်းထိရောက်ပါတယ်။ ကျွန်တော်လည်း Creatigon မှာ ဆက်တက်ဖို့ အစီအစဉ် ရှိပါသေးတယ်လိုု့ .........